အခြားသူကို အသိအမြင် ပေးစွမ်းနိုင်တဲ့သူဖြစ်ပါစေ


Springleaf မှဘာသာပြန်သည်လိရီ(Liyi) မှ သရုပ်ဖော်သည်

sun-18-01-600

တစ်နေ့တွင် ဇီအန်ရ(Xianya) အမည်ရှိ ဇင်ဘုန်းတော်ကြီးတစ်ပါးသည် တရားဓမ္မဟောကြားရန် သွားရာလမ်းတွင် စကားများရန်ဖြစ်နေသော လင်မယားစုံတွဲဘေးမှ ဖြတ်လျှောက်နေမိပါသည်။

မိန်းမ- ရှင်က ဘယ်လိုယောက်ျားလဲ။ ရှင်လို ယောက်ျားမပီသတဲ့လူမရှိဘူး။

ယောက်ျား- မင်းငါ့ကို ထပ်ပြီး ဝေဖန်နေမယ်ဆိုရင် ငါမင်းကို ရိုက်တော့မှာနော်။

မိန်းမ- သတ္တိရှိရင် လာလုပ်လိုက်လေ။ ရှင်က ယောက်ျားမဟုတ်ပါဘူး။

ဆရာတော် ဇင်နယ(Xianya) က ဘေးက ဖြတ်သွားဖြတ်လာတွေကို “ ကြည့်ကြပါအုံး၊ ဒီမှာ ရန်ပွဲတစ်ပွဲဖြစ်နေတယ်။ ကြက်တိုက်ပွဲတွေဆို ဝင်ကြေးပေးရတယ်၊ ဒါပေမဲ့ လူတွေတိုက်ပွဲ၊ ရန်ပွဲတွေဆို ဝင်ကြေးမပေးရပါဘူး” လို့ ကျယ်လောင် စွာ အော်လိုက်ပါတယ်။

လင်မယားစုံတွဲကလဲ ဆက်ပြီး စကားများရန်ဖြစ်နေတုန်းနေပါပဲ။

ယောက်ျား- မင်းဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါလူသတ်မိတော့မယ်။

မိန်းမ- ဒါဆိုလဲ သတ်လိုက်လေ၊ ရှင် လူသတ်တယ်ဆိုရင်တောင်မှ ယောက်ျားမဟုတ်သေးဘူး။

ဆရာတော် ဇင်နယ- စိတ်ဝင်စားဖို့ကောင်းလိုက်တာ၊ ဒီအမျိုးသားက လူသတ်တော့မယ် လာကြည့်လှည့်ကြပါအုံး။
ဖြတ်သွားဖြတ်လာ- ဆရာတော် ဘာတွေအော်နေတာလဲ။ သူတို့ရန်ဖြစ်တာ ဆရာတော်နဲများ သက်ဆိုင်နေလို့လား။

ဆရာတော် ဇင်နယ- ဘာလို့ ကျွန်ုပ်နဲ့ မဆိုင်ရမှာလဲ။ သင်မကြားဘူးလား။ သူတို့လူသတ်တော့မယ်လေ၊ လူသေပြီဆို ဘုန်းကြီးတစ်ပါးပါးကို နာရေးအတွက် ဆုတောင်းတရားနာဖို့လိုမှာပဲလေ။ ဒီလိုဆို ကျွန်ုပ်က အလှူခံငွေတွေရတော့မှာလေ။

လမ်းသွားလမ်းလာသူများ- ဒါကြီးကတော အဓိပ္ပါယ်မရှိပါဘူး။ သူတို့လူသတ်မိရင် အလှူခံငွေရမယ် ဆိုတာကို မျှော်လင့်နေတယ်

ဆရာတော်- ကဲတစ်ယောက်ယောက်မှထိခိုက်မမိဖို့ ဆုတောင်းစို့ ဒါမှကျွန်ုပ်ရဲ့တရားဟောပြောချက်များကို စတင်လို့ရမှာ လေ။

အဲ့အချိန်မှာပဲ ထိုလင်မယားက စကားများရန်ဖြစ်တာကို ရပ်လိုက်ပါတယ်။ သူတို့ကဘေးက လမ်းသွားလမ်းလာသူများ ဆရာတော်နဲ့ အချင်းများနေတာကို စိတ်ဝင်တစားဖြစ်လာပြီး ဘာဖြစ်တာလဲလို့ စပ်စုပါတော့တယ်။

ဆရာတော်က ထိုလင်မယားကို ပြောကြားသည်မှာ-  အရမ်းခဲနေတဲ့ ရေခဲတောင်မှ နေရောင်ခြည်နဲ့ ထိရင် အရည်ပျော် သွားနိုင်ပါတယ်။ ခဲနေတဲ့ အစားအစာတွေကို မီးနဲ့ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ကံကြမ္မာကြောင့် အတူတကွ လက်တွဲ ရပြီဆိုရင် တစ်ဦးနှင့်တစ်ဦးဟာ အနွေးဓါတ်ကို အပြန်အလှန် ပေးစွမ်းနိုင်သူတွေဖြစ်ရပါမယ်။ တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒ တွေကို ဖြည့်ဆည်းပေးတဲ့သူ အလင်းရောင်ပြသူပဲဖြစ်ရပါမယ်။ တစ်ဦးကို တစ်ဦး ဖျက်ဆီးတဲ့ မီးမဖြစ်သင့်ပါဘူးတဲ့။

နှစ်ယောက်အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားမယ်လို့ မျှော်လင့်ပါတယ်”