တန်ပြန်ကမ္ဘာ


မာရီလင် အမ်းဘရော့ခ်ျ(Merilyn Umbroh)မှဘာသာပြန်ဆိုသည်  ဒရင်းမ်ဒေးဗစ်(Dream David)မှ သရုပ်ဖော်သည်

ဆုဒေါင်းပို လို့ခေါ်တဲ့ နာမည်ကျော် ပညာရှင်တစ်ယောက်နဲ့ ဆရာတော် ဖုယင်တို့ဟာ အရမ်းခင်မင်တဲ့ သူငယ်ချင်းကောင်း တွေဖြစ်ပြီး မကြာခဏ တရားအတူ ထိုင်ကာ ပွားများအားထုတ်လေ့ရှိပါတယ်။

တစ်နေ့တော့ တရားအားထုတ်ပွားများနေတုန်း ဆုဒေါင်းပိုမှာ အတွေအခေါ်တစ်ခုရရှိလာပါတော့တယ်။ တရားထိုင်လို့ ပြီး တဲ့အချိန်မှာတော့ ဖုယင်ကို “ကျွန်ုပ်တရားအားထုတ်နေချိန်မှာ သင်ဘာမြင်မိလဲ” လို့မေးမြန်းပါတယ်။

 

sushi-19-03

ဖုယင်ကတော့ ၎င်းအား အချိန်အတော်အကြာ နီးကပ်စွာကြည့်လိုက်ပြီး “ မင်းခန္ဓာကိုယ်က ဗုဒ္ဓဘုရားရှင်လိုပဲ အရောင်တွေ ထွက်နေတယ်”လို့ပြောပါတယ်။ အဲ့လိုကြားလိုက်ရတဲ့တစ်ခဏမှာ ဆုဒေါင်းပိုဟာအလွန်ပျော်ရွှင်သွားပြီး ကျေနပ်နှစ်သိမ့်စွာ ရီမောလိုက်ပါတယ်။

ဖုယင်က “ကဲ ငါ့ကျတော့ရော၊ မင်းဘယ်လိုမြင်ရလဲ” လို့ ဆုဒေါင်းပိုကို မေးမြန်းလိုက်ပါတယ်။

 

sushi-19-02

ဆုဒေါင်းပိုကတော့ ဖုယင်ကို စလိုသည့်အတွက် “မင်းကြည့်ရတာ နွားမစင်အုံတစ်ခုလိုပဲ ..” လို့ဖြေပါတယ်။

ဖုယင် ပြောတာက “ဒါဆို ငါထက်ပြီး တရားအားထုတ်ကျင့်ကြံရင် အာရုံစိုက်အားထုတ်ရမှာလို့ ဆိုလိုတာပေါ့လို့” ပြောကြား ပါတယ်။

ဖုယင်ကို အနိုင်ပိုင်းပြီး အိမ်ပြန်သွားတဲ့ ဆူဒေါင်းပိုဟာ သူ့ရဲ့ညီမအငယ်ကို ဖြစ်ပျက်ခဲ့တာတွေကို ပြန်ဖောက်သည်ချပါ တော့တယ်။ သူ့ရဲ့ညီမငယ်က ပြောကြားလိုက်တာကတော့ “ ကိုကြီးရေ ဒီတစ်ကြိမ်တော့ ကိုကြီး ဖုယင်ကို ရှုံးသွားပြီလို့” ပြောကြားပါတယ်။

 

sushi-19-04

 “ဟင် ဘာလို့လဲ” လို့ ဆုဒေါင်းပိုက မေးမြန်းလိုက်ပါတယ်။

ဖုယင်က ဗုဒ္ဓလို့မြင်တာက သူ့စိတ်နှလုံးမှာ ဗုဒ္ဓကို အမြဲရှိနေလို့ဖြစ်တယ်။ ဒါကြောင့် မြင်မြင်သမျှအရာတိုင်းကို ဗုဒ္ဓနဲ့တူ တယ်လို့ခံစားရတယ်။ ဒါပေမဲ့ ကိုကြီးအနေနဲ့ သူ့ကို နွားမစင်နဲ့တူတယ်လို့ဖြေလိုက်တာက ကိုကြီး ရင်ထဲမှာ ရှိတာကို ပုံဖော်လိုက်တာပဲ ဖြစ်တယ်” လို့ဖြေပါတယ်။

ဆရာတော် ဂျင်ဗောဓိ မှ ယခုပုံပြင်တွင် ၎င်း၏ အတွေးအမြင်များကို မျှဝေခံစားခြင်းဖြစ်ပါတယ်။ 

လူတိုင်းသည် အရာရာတွင် အမြင်ချင်းမတူညီကြပါ။ အရာဝတ္တုများကို မြင်သည့်အမြင်သည် လူတစ်ဦးချင်းစီ၏ စိတ်နှလုံး အတွင်း ခံစားမှုကို အခြေခံ၍ မြင်ယောင်ခြင်းပင်ဖြစ်သည်။

ထို့အတူ ကျွန်ုပ်တို့ နေ့စဉ်ပြောဆို ဆက်ဆံရာတွင်လည်း “နွား၏မစင်ပုံ” ဟု မြင်ယောင်ခြင်းမဖြစ်စေရန် သည်းခံနိုင်စွမ်းနှင့် နားလည်မှုပေးနိုင်ခြင်းတို့ ရှိလျှင် အကောင်းဆုံးပင်ဖြစ်သည်။ အမြင့်ဆုံးအနေဖြင့် “နောက်တစ်လှမ်းဆုတ်ပြီး ပြန်ကြည့် ပါက ပင်လယ်သည်လည်း ကောင်းကင်နည်းတူ ကျယ်ပြောသည်”ကို သိမြင်နားလည်နိုင်မည်ဖြစ်ပါသည်။

အချို့လူများသည် နားလည်မှုလွဲချော်ခြင်း သို့မဟုတ် ပြင်းထန်စွာ ဝေဖန်ခြင်းများကြောင့် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာ ပြီးကြမ်းတမ်းဆိုးဝါးလာပါတယ်။ ထိုသူတို့၏ ဦးတည်ချက်အမြင်တို့သည် “အမြင်ချင်းဖလှယ်ခြင်းဖြစ်သည်” ရလဒ် အနေ ဖြင့် ၎င်းတို့၏ ပုဆိန်အား မြှုပ်နှံရန် ခက်ခဲမည်ဖြစ်သည်။ သင့်အားဝေဖန်ပြစ်တင်ခြင်းခံနေရသည့် အခြေအနေတွင် အပြုံး မပျက်ဘဲ ထိုသူတို့ ဝေဖန်ပြောဆိုမှု ပြီးသည်အထိ စောင့်ရန်သာဖြစ်ပါသည်။ ပေါင်းသင်းဆက်ဆံရန်ခက်ခဲသောသူများ အပေါ် မေတ္တာ၊ ကရုဏာတရားကြီးမားသော စိတ်နှလုံးနှင့် ကိုယ်ချင်းစာတရားထားကာ ပြောဆိုဆက်ဆံရန်ပင်ဖြစ်ပါ သည်။ ရှင်းပြခွင့်နှင့်တောင်းပန်ခွင့်ရရန် အခွင့်သာချိန်ကိုသာ စောင့်ဆိုင်းပါ။ အကယ်၍ ဆက်ဆံရန်ခက်ခဲသောသူနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုပါက ပြဿနာကို ဖြေရှင်း၍ ရမည်မဟုတ်ဘဲ အခြေအနေသည် ပို၍ ဆိုးလာမည်ဖြစ်ပြီး ဆက်ဆံရေးသည် သင့်မြတ်ရေး နှင့် အလွန်ဝေးကွာသွားမည်ဖြစ်ပါသည