ကျောင်းကြီးက လှုပ်နေတာလား? ဒါတွေအားလုံးက စိတ်အာရုံတွေပါ


အယ်လီဇာ ဆန်းစ်(Alyssa Sands)မှဘာသာပြန်ဆိုသည်    ဒရင်းမ်ဒေးဗစ်(Dream David)မှ သရုပ်ဖော်သည်

xhwh-1

တောင်တန်းတစ်ခုရဲ့ ခြေရင်းတစ်နေရာရှိ ကွင်းပြင် တစ်ခုမှာ ဘုန်းကြီးကျောင်းတစ်ခုတည်ရှိပြီး မိုးတွေရွာရင် အဆောက် အဦးတွေရဲ့ နောက်ဖက်ခြမ်းကနေ တောင်ကျရေတွေ ဆင်းလာတက်ပါတယ်။

ကျောင်းထိုင်ဘုန်းတော်ကြီး နေတဲ့ကျောင်းက အရှေ့မျက်နှာစာမှာ ရှိပြီး မြင့်မားတဲ့ တံတိုင်းတွေ တည်ရှိနေမှုကို အကျိုး ရှိအောင် အသုံးချဖို့စီမံရင်း သူတို့ရဲ့ရေတွေရလာတာကို စီမံနိုင်ခဲ့ပါတယ်၊ သူတို့စီမံကိန်းပြီးဆုံးပြီးနောက် ရက်ပေါင်းများစွာ မိုးခေါင်နေခဲ့ပါတယ်၊ ထို့ပြင် မိုးစရွာတာနဲ့ ဆရာတော်တွေက အပေါက်အသစ်များကို ပျော်ပျော်ရွှင်ရွှင်နဲ့ပိတ်ပြီး သူရဲ့ အလုပ်ကြိုးစားမှုကြောင့် ရလာတဲ့ ရလဒ်ကို ပြသဖို့ ကြိုးစားရန် အသင့်ပဲဖြစ်ပါတယ်၊ သူ့ကွင်းပြင်ကြီးထဲကို တောင်ကျ ရေတွေ ဝင်လာပါတော့တယ်။ ပထမတော့ ဆရာတော် လိုအပ်သမျှဆန္ဒပြည့်စုံသာဖြစ်ပြီး နောက်တော့ မိုးတွေများလာကာ ရှေ့ကွင်းပြင်ကြီးတစ်ခုလုံး ရေတွေကြီးသွားပါတော့တယ်၊ နောက်ဆုံးတော့ ရေမျက်နှာပြင်က နံရံတွေလောက်နီးနီး မြင့်မား လာပါတော့တယ်။

ဘုန်းတော်ကြီးအတော်များများက ခေါင်မိုးပေါ်တက်ကြပါတယ်၊ ဒါပေမဲ့ စိတ်ပျက်စရာကောင်းတာကတော့ ကျောင်းတော် ကြီးက လှုပ်ခါရမ်းလာတာပါပဲ “ခေါင်မိုးတွေဘာလို့ ခါရမ်းနေတာလဲ၊ လို့ ဆရာတော်တစ်ပါးက ကျောင်းထိုင်ဆရာတော် ကိုမေးမြန်းပါတယ်။

ဆဋ္ဌမ ဆောင်းဆောင်၏ သုတ္တာန် အား သင်ကြားလေ့လာဖူးသော အခြားဘုန်းတော်ကြီးက  “ဆဋ္ဌမ ဆောင်းဆောင်အရ ကျောင်းကြီးက လှုပ်နေတာ မဟုတ်ဘူး စိတ်က ဖြစ်နေတာပါ”လို့ ဖြေကြားသတဲ့။

 

xhwh-2

ထိုစကားလုံးများကို ကြားပြီးချိန်တွင်တော့ အားလုံးက “ဉာဏ်အလင်းရရှိပြီ”လို့ ယုံကြည်လိုက်ပါတယ် နောက်ပြီး သူတို့ရဲ့ အတွင်းစိတ်တည်ငြိမ်ခြင်းက အဖြစ်အပျက်အားလုံးကို ကျော်လွန်ပြီး အတွေးအမြင်ရနေပြီလို့ ထင်မြင်လိုက်ပါတယ်

မည်သို့ပင်ဆိုစေကာမူ ထိုခေါင်မိုးတွင် ထိုင်နေပြီး အဖြစ်အပျက်များအား ကျော်လွန်နိုင်အောင် ဆောင်ရွက်နေခြင်းထက် စဉ်းစားဆင်ခြင်တတ်သော ဘုန်းကြီးတစ်ပါးမှ ခုန်ချလိုက်ပြီး တခါးပေါက်ကြီးကို ဖွင့်လာအောင် ကန်ချလိုက်ပါတယ်။ တရှိန်ထိုးဝင်ရောက်ခဲ့သော ရေများက တမဟုန်ခြင်းထွက်သွားပြီး ကျောင်းတော်ကြီး ခါရမ်းနေတာလဲ ရပ်သွားပါတယ်၊ ထို့နောက် သူမေးလိုက်တာက “သင်တို့စိတ်ထဲမှာ ခါရမ်းနေတုန်းပဲလား” လို့ဖြစ်ပါတယ်

ခေါင်မိုးပေါ်မှာ ရှိနေတဲ့တစ်ဦးက လက်ခုပ်တီးပြီး “ခါရမ်းမနေတော့ဘူး”လို့ ဖြေပါတယ်။ “ငါတို့ရဲ့အာရုံစူးစိုက်သောစွမ်းအင် ကနေ ရေတွေကို ထုတ်ပြစ်လိုက်ပြီ” ကျောင်းထိုင်ဆရာတော်က ခေါင်းခါရမ်းပြီး သိမြင်တဲ့အပြုံးနဲ့ ပြုံးနေခဲ့ပါတယ်။ သူ နား လည်လိုက်တာက ဒီဘုန်းကြီးတွေ အခုထိ ဉာဏ်အလင်းရရှိခြင်းနှင့်စပ်လျဉ်းပြီး မရရှိသေးကြောင်း သိရှိနားလည်လိုက်ရပါ တယ်။ သူတို့တွေက ဇန် တွေပြောလေ့ရှိသော “ စိတ်ထဲတွင် ဖြစ်နေတာပါ” လို့ ရေရွတ်ပြီး အဆုံးအနေနဲ့ အမှန်တရားဖြစ် တဲ့ ရေလွှမ်းမိုးမှုမှ ခေါင်မိုးများကို ခါရမ်းနေစေမှုကို မသိရှိလိုက်ရပါဘူး။ အကယ်၍သာ တံခါးအား ကန်ပြီး ဖွင့်လိုက်တဲ့ အမှန်တရားကို သိရှိတဲ့ ဘုန်းတော်ကြီးသာ မရှိရင် အားလုံးရေနစ်ပြီး ပျောက်ဆုံးရမှာ ဖြစ်ပါတယ်။

“ကံကြမ္မာ၊ ပြင်းပသော ဆန္ဒ၊ ရည်မှန်းချက်နှင့် လေ့ကျင့်ဆောင်ရွက်မှု” တို့အား ပြုစုပျိုးထောင်ရာတွင်  ကျွန်ုပ်တို့ အားလုံးသည် အဖြစ်အပျက်အားလုံး၏ အမှန်တရားကို လက်ခံရမည်ဖြစ်သည်၊ ဆန္ဒအတိုင်းဆောင်ရွက်ပြီး အပြော အားလျော့ပြောကာ ပိုမို လေ့ကျင့်ဆောင်ရွက်ရမည်။ အမှန်တကယ် ဉာဏ်အလင်းရရှိခြင်းမှ ကင်းကွာ ပျောက်ဆုံးချိန်တွင် မိမိကိုယ်ကို တရားပေါက်နေသယောင် ဇန် ပြောစကားများတွင် မွေ့လျော်ခြင်းမှ လျော့ချနိုင်ရပါမည်။